ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့ ဧက(၁၀၀)စိုက်ခင်း၌ မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးသရုပ်ပြသ

ကြံခင်း ဇန်နဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စံပြဧက(၁၀၀) ကွင်းတွင် ယနေ့နက်ပိုင်းက အောင်နိုင်တိုးနွေစပါးအား (Drum Seeder) ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲအား ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကွင်းအမှတ် (၅၉)၊ ရွှေကျောင်းကွင်း ဦးပိုင်အမှတ် (၁၁/၁၂)တောင်သူ ဒေါ်မြင့်မြင့်ဌေး၏ လယ်(၂)ဧက၌ အောင်နိုင်တိုး နွေစပါးအား Drum Seeder ဖြင့် လက်တွေ့သရုပ်ပြသခြင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယာယီတာဝန်ခံ ဦးသက်နိုင်စိုးက တောင်သူများအား အသိပညာပေး ပြောကြားရာတွင် ကြဲခင်းထက် မျိုးစေ့နှုန်းထားလျော့ချနိုင်ခြင်း၊ ပျိုးနုတ်ရန်မရှိခြင်းကြောင့် ပျိုးပင်ထိခိုက်မှုသက်သာစေခြင်း၊ အမြစ်ကြီးထွားဖွံ့ဖြိုးမှု စောစီးစွာရရှိစေခြင်း၊ ရေကြီးနစ်မြုပ်ခြင်းနှင့် ရေငတ်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေခြင်း၊ အသုံးပြုမြေဩဇာ၏ အကျိုးသက်ရောက်နိုင်စွမ်း ပိုမိုကြာမြင့်စေခြင်း၊ ရေကိုပိုမိုအကျိုးရှိစွာ အသုံးပြုနိုင်ခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းစနစ်နှင့် အထွက်နှုန်းသိသာစွာ ကွဲပြားခြားနားမှု မရှိခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ပြောကြားပြီး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တို့က တောင်သူများ လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီးနောက် Drum Seeder ဖြင့် လက်တွေ့သရုပ်ပြသခြင်း ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဘက်ရဲမြို့အမှတ် ၁ ရပ်ကွက် (ဘက်ရဲ-ကိုးအင်း) တံတားလမ်း ဘေးဝဲ/ယာရှိ တောင်သူဦးစိုးပိုင် ကွင်းအမှတ်(၅၈-က)၊ ဦးပိုင်အမှတ် မ/၁၀(ကိုင်း) ဧရိယာ (၂)ဧက၊ စင်းရွှေကြာနေကြာစိုက်ခင်း၊ တောင်သူဦးမြင့်အေး ကွင်းအမှတ်(၁၅၇)၊ ဦးပိုင်အမှတ် မ/၃၃(G)၊ ဥယျာဥ် ဧရိယာ(၀.၅၀)ဧက၊ စင်းရွှေကြာစိုက်ခင်း၊ တောင်သူ ဦးသန်းနိုင်စိုး ကွင်းအမှတ် (၁၅၇)၊ ဦးပိုင်အမှတ် မ/၃၅ (G)ဥယျာဥ်ဧရိယာ(၀.၅၀) ဧက စင်းရွှေကြာစိုက်ခင်း၊ အမှတ် ၁ ရပ်ကွက် တောင်သူ ဦးကိုလတ်၊ ကွင်းအမှတ်(၅၈-က)၊ ဦးပိုင်အမှတ် ၆၁/၁၊ သီးသန့်စူပါစမ်း(41) စိုက်ပျိုး ဖြစ်ထွန်းမှုများအားလည်ကောင်း၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ နန်းဦးဆိပ်အနီး မြေနုကျွန်း၊ ကွင်းအမှတ် မ-၁ တွင် တောင်သူ ဦးထွန်းလင်း နေကြာစိုက်ခင်း အောင်မြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါကြောင်းသိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)