ဘီးလင်းမြို့နယ်၌(၁၀၂)ကြိမ်မြောက် စာရေးတံမဲနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ်

ဘီးလင်း ဇန်နဝါရီ ၂၇

မွန်ပြည်နယ်  ဘီးလင်းမြို့နယ်တွင်  နှစ်စဥ်ကျင်းပမြဲဖြစ်သော စာရေးတံမဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီမှစတင်ကာ  စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ (၁၀၂)ကြိမ်မြောက် စာရေးတံမဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ဘီးလင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၄၇) ကျောင်းမှ ဆရာတော်၊ သံဃာတော် အပါး(၆၁၁)ပါးတို့က လေသာဘုန်းတော်ကြီးကျောင်းမှ စတင်ကာ ဘီးလင်းမြို့ ဗိုလ်ချုပ်လမ်းမတစ်လျောက် စစ်ကိုင်းဘုန်းတော်ကြီး ကျောင်းအရှေ့ထိ မဏ္ဍပ်အသီးသီး၌ စာရေးတံမဲနှိုက်ခြင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာရှင် အလှူရှင်များက ဆွမ်းဆန်၊ ဝတ္တုငွေနှင့် လှူဘွယ်ပစ္စည်း အမျိုးမျိုးတို့ကို စေတနာသဒ္ဓါတရား ထက်သန်စွာ လောင်းလှူခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)