ဟင်္သာတ ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ကို ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက ရုံးကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက သင်တန်းဖွင့်မိန်းခွန်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းကျော်ဌေးက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဥက္ကာကသင်တန်းတွင် စာတွေ့လက်တွေ့သင်ကြားပို့ချပေးမည့်ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဖွင့်ပွဲအခမ်း အနားအပြီးတွင် အခမ်းအနားသို့ တက်ရောက်လာကြသူများက ရှာဖွေကယ်ဆယ်ရေး သင်တန်းသားများ၏ လက်တွေ့သရုပ်ပြ လေ့ကျင့် ခန်းများကို ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းအား မြို့နယ်အတွင်းရှိ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးတို့ဖြင့် ဖေဖေါ်ဝါရီ ၂၀ ရက်နေ့အထိ လေးပတ်ကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)