ဟင်္သာတမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်အလိုက် သင်ကြားပို့ချပေး

ဟင်္သာတ ဇန်နဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် အမှတ်‌ပေးစည်းမျဥ်းနှင့်အညီ‌ ဖြေဆိုနိုင်စေရေးအတွက် ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက ဟင်္သာတမြို့၊ တာကလေးရပ်ကွက်၊ မိုးကောင်းကျောင်းလမ်း၊ မိုးကောင်းပရိယတ္တိ စာသင်တိုက်အတွင်းရှိ “အောင်ပြည့်ဖြိူးဦး သာသနာ့ ဗိမာန်” နှင့် “ဘောဇနဂုဏ်ရည်” ခန်းမ တို့တွင်  ဟင်္သာတမြို့နယ်၊ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှတက္ကသိုလ်ဝင်တန်း (Grade-12) တက်ရောက်သင်ကြားလျက်ရှိသည့် ကျောင်းသား/သူများအား သင်ကြားပို့ချလျက်ရှိသော ဘာသာ ရပ်များနှင့် ပတ်သက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စားမေးပွဲ အောင်ချက်မြင့်မားရေးဆိုင်ရာ သင်ကြားပို့ချခြင်းပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဟင်္သာတခရိုင် ပညာရေးမှူး ဒေါ်စန်းယုမော်၊ ဟင်္သာတမြို့နယ် ပညာရေးမှူး ဦးထင်အောင်ကျော်၊ လေးမျက်နှာမြို့နယ်တာဝန်ခံ ပညာရေးမှူး ဒေါ်စန်းစန်းရီ၊ ဇလွန်မြို့နယ် ပညာရေးမှူး ဦးအုန်းကျော်နှင့် ဆရာ၊ ဆရာမများ၊ ပုသိမ်တက္ကသိုလ်မှ တက္ကသိုလ်ဝင် စားပေးပွဲအောင်ချက်မြင့်မားရေးဆိုင်ရာ နည်းပြများဖြစ်ကြသော ဒေါက်တာ ချိုချိုသန်း(ပါမောက္ခ-ဌာနမှူး)ဦးဆောင်သော ပါမောက္ခ-ဌာနမှူးများ၊ ကထိကများ၊ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များမှ တက္ကသိုလ်ဝင်တန်း (Grade-12) သင် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၃၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းအား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်း (Grade-12) ကျောင်းသား/သူ များအား အောင်ချက်မြှင့်မားရေးအတွက် ဘာသာရပ်အလိုက် အမှတ်ပေးစည်းမျဉ်းများ၊ ဘာသာရပ် အလိုက် မေးခွန်းနှင့်ဖြေဆိုနည်းများအား သင်ကြားသွားမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း(Grade-12) တက်ရောက်သင်ကြားလျက်ရှိသည့် ကျောင်းသား/သူ ဟင်္သာတမြို့နယ်မှ (၂၁၈၄)ဦး၊ ဇလွန်မြို့နယ်မှ (၈၂၀)ဦး၊ လေးမျက်နှာမြို့နယ်မှ (၅၅၃) ဦး စုစုပေါင်း (၃၄၅၇) ဦးတို့အား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)