ကန်ကြီးထောင့် ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ မြို့နယ်စည်ပင်သာယာရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အတွင်းရေးမှူး ဦးသန်းစိုးလွင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းရပ်များအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဌာနခွဲ၊ ဌာနစိတ်အလိုက် တာဝန်ခံများက လုပ်ငန်းဆာင်ရွက်မှုများနှင့် ဆက်စပ်၍ ကော်မတီသို့ တင်ပြဆွေးနွေးခဲ့ကြရာ ကော်မတီဥက္ကဋ္ဌမှ လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးခဲ့သည်။ အဆိုပါအစည်းအဝေးသို့ မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)