ဒေးဒရဲ ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး အစိုရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးနှင့် တာဝန်ရှိသူများက ဒေးဒရဲမြို့နယ် ကုန်းတန်းလေးကျေးရွာရှိ အမျိုးသမီးများ မိသားစုဝင်ငွေ တိုးပွားစေရေး ဆောင်ရွက်လျက်ရှိသည့် အထည်ချုပ်လုပ်ငန်းနှင့် သဲကုန်းကျေးရွာရှိ ဇီဝဇိုးငှက်မွေးမြူရေးလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ စစ်ဆေးခြင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးထွေးသိမ်းနှင့် တာဝန်ရှိသူများက ကုန်းတန်းလေးကျေးရွာရှိ အထည်ချုပ်လုပ်ငန်းနှင့် သဲကုန်းကျေးရွာရှိ ဇီဝဇိုးငှက်မွေးမြူရေးလုပ်ငန်းများသို့ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး လုပ်ငန်းများ ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း