မြန်အောင် ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် အမှတ်(၁)ရပ်ကွက်၌ ယမန်နေ့နံနက်က သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီတစ်ပိဿာ(၆၇၁၁) ကျပ်၊ ဆန်တစ်ပြည်(၂၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး ၃၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေးမှုအား တိုင်းဒေသကြီး ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ဦးမင်းဇော်ဦး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်အောင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖတို့က ကြည့်ရှုအားပေးကူ ညီဆောင်ရွက်ပေးခဲ့ကြသည်။
မြန်အောင်မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် အမှတ်(၁)ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်၊ မြစ်ကျိုးအုပ်စု၊ ရှားတောအုပ်စု၊ မြို့မတဲကြီးကုန်း အုပ်စုနှင့် ညောင်မြစ်ဆွဲကျေးရွာအုပ်စုတို့၌ အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် စားအုန်းဆီ(၂၈၆၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)