ငပုတော ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမူရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းသိန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရည်မွန်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်တာဝန်ရှိသူများသည် ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက ငပုတောမြို့နယ်၊ အုပ်ရှစ်ကွင်းအုပ်စု၊ ချောင်းဝကျေးရွာသို့ရောက်ရှိပြီး မီးလောင်ကျွမ်းခဲ့သည့်နေရာအား ကြည့်ရှုစစ်ဆေးပြီး လတ်တလောနေထိုင်မည့် ယာယီတဲ ဆောက်လုပ်နေမှုအား ကြည့်ရှုခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများသည် အ.မ.က(ချောင်းဝ)တွင် မီးဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်(၃၅)အိတ်၊ ဆီတစ်လီတာဗူး(၇၀)ဗူး၊ တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပစ္စည်း(၁၆)မျိုးပါ(၃၅)ပုံး၊ ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းသုံးစွဲရန်အတွက် ထောက်ပံ့ငွေ (၄၃၇၅၀၀၀) ကျပ်အား ထောက်ပံ့ပေးခဲ့ပြီး ငပုတောမြို့နယ် ကြက်ခြေနီ အသင်းမှ တာပေါ်လင် ၄၁ ချပ်၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းထည့်ပုံး ၄၁ ပုံး၊ စောင်(၈၂)ထည်၊ ပစ္စည်း(၆)မျိုးပါ စက္ကူပုံး (၄၁) ပုံးတို့အား ထပ်မံထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများသည် မေတ္တာသုခကျောင်းတိုက်ဓမ္မာရုံအတွင်း ယာယီနေထိုင်သည့် မီးဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး၊ မေတ္တာသုခကျောင်းတိုက် ဆရာတော် ဥူးသုမနသီရိအားဝင်ရောက်ဖူးမြော်ခဲ့ပြီး လိုအပ်သည်များကို လျှောက်ထားတင်ပြပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)