မော်လမြိုင်ကျွန်း ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ အေးရိပ်သာ (၆) လမ်းရှိ ဦးချိုတူး (ဘ) ဦးမောင်လှ ပိုင်ဆိုင်သော နေအိမ်မှစ၍ ထင်းမီးဖိုဖြင့် ထမင်းအိုးတည်ထားရာမှ အနီးရှိအကာပျဥ်သို့မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၆ ရက်နေ့ညနေ (၆) နာရီ (၁၅) မိနစ်ခန့်က မီးစတင်လောင်ကျွမ်းခဲ့ရာ အလျား (၃၀) ပေ၊ အနံ (၄၀)ပေရှိ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း နေအိမ် (၂) လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ရာသို့ မော်လမြိုင်ကျွန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်(ကိုယ်စား) ဒုတိယမီးသတ်ဦးစီးမှူး ဦးအေးချမ်းအောင် ဦးဆောင်သည့် မီးသတ်သန္ဓေ (၁၈)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၁၅) ဦးနှင့် ရပ်ကွက်ပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ (၆) နာရီ (၃၄) မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် အဆိုပါမီးစတင်လောင်သည့် နေအိမ်ပိုင်ရှင် ဦးချိုးတူးအား မြို့နယ်ရဲစခန်းမှ (ပ)/၁၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့်ထားကြောင်း၊ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာရှိမှုမရှိကြောင်း မြို့နယ်ဒုတိယမီးသတ်ဦးစီးမှူးထံမှ သိရသည်။
ရဲကိုမောင်