ရွှေသောင်ယံမြို့တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ရွှေသောင်ယံ ဇန်နဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အ.ထ.က(အုန်းချောင်း)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်သော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လက်ကမ်းစာစောင်တွင်ပါဝင်သော ပြည်ထောင်စုနေ့အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူလူငယ်များ အကြားအမြင်ဗဟုသုတတိုးပွားစေရန်အတွက် သွားရောက် ဖြန့်ဝေခဲ့သည်။

အဆိုပါလက်ကမ်းစာစောင်တွင် သမိုင်းဝင်ပြည်ထောင်စုစာချုပ်၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုး ခဲ့ကြသူများ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရန်လိုခေါင်းစဥ်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း ၂၀-၁-၁၉၄၆ ရက်နေ့တွင်ကျင်းပသည့် ဖဆပလအဖွဲ့ကြီး၏ ပထမအကြိမ် ကွန်ဂရက်တွင် ပြောကြားသော မိန့်ခွန်းမှကောက်နှုတ်ချက်၊ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ကဗျာ၊ ဆောင်ပုဒ်၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုစနစ်တည်ဆောက်ခေါင်းစဥ်ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) (၁၀)နှစ်ပြည့်နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နှုတ်ချက်များပါရှိပါသည်။

ကိုကိုမောင်