မုံရွာ ဇန်နဝါရီ ၂၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာဗဟုသုတများကြွယ်ဝလာစေရန် အသိပညာပေးလုပ်ငန်းများစွာ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာပေများနှင့် ပိုမိုရင်းနှီးကျွမ်းဝင်လာစေရန်၊ စာပေဖတ်ရှုလိုစိတ်များ ပေါ်ပေါက်လာစေရန်နှင့် အတွေးအခေါ်များမြင့်မားလာစေရန်ရည်ရွယ်၍ နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ဇန်နဝါရီလ ၂၀ ရက်နံနက်ပိုင်းက မုံရွာမြို့ လှည်းတန်းရပ်ကွက်ရှိ အ.ထ.က (ခွဲ) ကျောင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦမြင့်နိုင်စိုးဟော ပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီး "ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ အကြောင်းသိကောင်းစရာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးစီးအရာရှိ ဦးရဲနောင်ချစ်က "စာဖတ်ခြင်း၏ အကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ " ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်နွေးနွေးက "စာကြည့်တိုက်ကို အကျိုးရှိစွာ အသုံးချတတ်စေရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း အကျယ်တဝင့်ဟောပြောခဲ့ကြပြီးနောက် တက်ရောက်လာကြသည့် ကျောင်းသား/သူများနှင့်အတူ ဟောပြောခဲ့ကြသည့် အကြောင်းအရာများနှင့်ပတ်သတ်၍ အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်စာစောင်များနှင့် ကလေးစာပေရုပ်ပြစာအုပ်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)