ကယားပြည်နယ် ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့တို့တွင် ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေး

လွိုင်ကော် ဇန်နဝါရီ ၁၁

၂၀၂၆ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ယနေ့နံနက် ၆ နာရီမှစတင်၍ နိုင်ငံတစ်ဝိုင်းလုံးတွင် ကျင်ပပြုလုပ်ရာ ကယားပြည်နယ်အတွင်း ရွေးကောက်ပွဲ အပိုင်း(၂)အနေဖြင့် ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့တို့တွင် မဲဆန္ဒရှင်ပြည်သူ အားလုံးက သက်ဆိုင်ရာမဲရုံများသို့ လာရောက်၍ ဆန္ဒမဲများပေးကြသည်။

ကယားပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ဒီးမော့ဆိုမြို့၌ မဲရုံ(၁၄)ရုံ၊ ဖရူဆိုမြို့၌ မဲရုံ(၁၀)ရုံ စုစုပေါင်း(၂၄)ရုံဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများက စိတ်အားထက်သန်စွာဖြင့် လာရောက်၍ ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

မသီတာ(ပြန်/ဆက်)