(၇၄)နှစ်မြောက်၊ ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “လွိုင်ကော်စာပေ” စာအုပ်ဆိုင်ဖွင့်ပွဲကျင်းပ

လွိုင်ကော် ဇန်နဝါရီ ၉

၂၀၂၆ခုနှစ် (၇၄)နှစ်မြောက်၊ ကယားပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန“လွိုင်ကော်စာပေ” စာအုပ်ဆိုင်ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၈ ရက်က ဒေါဉခူရပ်ကွက်၊ အမှတ် (၄) လမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးအဆောက်အဦရှေ့၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးက “လွိုင်ကော်စာပေ စာအုပ်ဆိုင်ကို လွိုင်ကော်မြို့နှင့် ပတ်ဝန်းကျင်ဒေသရှိ လူငယ်များ၊ ကျောင်းသားကျောင်းသူများ၊ဆရာဆရာမများနှင့် စာပေချစ်မြတ်နိုးသူများအတွက် အသိပညာရှာဖွေရန်အားကိုးရာနေရာတစ်ခုဖြစ်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ လွိုင်ကော်မြို့ရှိ စာပေကို ချစ်မြတ်နိုးသူအားလုံးက လွိုင်ကော်စာပေ စာအုပ်ဆိုင် စဉ်ဆက်မပြတ် ရှင်သန်ဖွံ့ဖြိုးအောင်ဝိုင်းဝန်းဆောင်ရွက် ပေးကြစေလိုကြောင်း   ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူးက စာအုပ်ဆိုင်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ၍ ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် “လွိုင်ကော်စာပေ” စာအုပ်ဆိုင်အား ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူးနှင့် လူမှုရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)