ဆိပ်ဖြူ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂) ကျင်းပနိုင်ရေး သက်ဆိုင်ရာမဲရုံများတွင် ပြင်ဆင်ဆောင်ရွက်နေခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ သက်ဆိုင်ရာမဲရုံမှူးများနှင့် မဲရုံတာဝန်ထမ်းဆောင်ရွက်မည့်တာဝန်ရှိသူများက မဲရုံပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါပြင်ဆင်ဆောင်ရွက်နေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း လုပ်ငန်းစဉ်များအလိုက် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သူရိန်(ဆိပ်ဖြူ)