ပခုက္ကူ ဇန်နဝါရီ ၉
၂၀၂၅ခုနှစ်၊ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ဖြစ်စဉ်၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ပခုက္ကူမြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးက ဂုဏ်ပြုအမှာစကားပြောကြားသည်။
ထို့နောက် ၂၀၂၅ခုနှစ်၊ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ဖြစ်စဉ်၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်(၁၄)ဦးအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်မှချီးမြှင့်သော ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှချီးမြှင့်သော ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ ဗိုလ်မှူးသက်ထွန်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်လင်းဆွေ၊ မြို့နယ်လဝကဦးစီးမှူး ဦးရဲအောင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်တို့က ဂုဏ်ပြုချီးမြှင့်ပေးအပ်ကြသည်။
အဆိုပါမီးသတ်တပ်ဖွဲ့ဝင်များအား တစ်ဦးလျှင် ဆန်(၁၀)ပြည်၊ ဆီတစ်ပိဿာနှုန်းနှင့် အခြားစားသောက်ကုန်ပစ္စည်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက ဂုဏ်ပြုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)