ဆင်ပေါင်ဝဲ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အဖြစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့တွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် (MEVM)မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို တာဝန်ရှိသူတို့၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက်က မဲရုံအသီးသီးသို့ စနစ်တကျဖြန့်ဝေပို့ဆောင်ပေးခဲ့ကြသည်။
ထိုသို့ဖြန့်ဝေပို့ဆောင်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မဲရုံအလိုက် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများ စနစ်တကျထုတ်ပေးခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က သက်ဆိုင်ရာ မဲရုံများသို့အရောက် လိုက်လံပို့ဆောင်ပေးခဲ့ကြသည်။
အဆိုပါ ထုတ်ပေးရာတွင် ဆင်ပေါင်ဝဲမြို့နယ်ရှိ ကျေးရွာအုပ်စု (၇) အုပ်စုရှိ မဲရုံ (၁၈) ရုံသို့ (MEVM)မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းတို့ကို ဖြန့်ဝေပို့ဆောင်ပေးခဲ့ကြပြီး ကျန်ရှိနေသည့် (MEVM)မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများအား ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)