နတ်မောက် ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများမဲပေးရာတွင် လွယ်ကူချောမွေ့စွာ မဲပေးနိုင်ရေးအတွက် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ကြသည်။
ထိုသို့လိုက်လံစစ်ဆေးခဲ့ရာတွင် မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့ပေါ်(၇)ရပ်ကွက်ရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်းသွားရောက်၍ မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် အခက်အခဲမရှိစေရန်ရည်ရွယ်၍ မဲစလစ်၊ မဲနံပါတ်များကို နိုင်ငံသားစိစစ်ရေးကတ်ဖြင့် ရေးသားကပ်နှိပ်ထားခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှဝင်း