သရက် ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် သရက်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် အကြမ်းဖက်မှုဖြစ်စဉ်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာတွင် သက်ဆိုင်ရာနယ်မြေအလိုက် ယာယီနေရပ်စွန့်ခွာနေရသူများအားလုံး ပါဝင်မှုရှိစေရေး စာရင်းတွင် မပါဝင်ဘဲ ကျန်နေခဲ့ရသူများ မရှိစေရေး စနစ်တကျထိထိရောက်ရောက် ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ယနေ့တွင် အိမ်ထောင်စု(၁၀၈)စု၊ လူဦးရေ(၂၅၀)ဦးအတွက် တစ်ဦးလျင်တစ်လငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ဇူလိုင်၊ ဩဂုတ်၊စက်တင်ဘာလတို့အတွက် ငွေကျပ် (၁၅)သန်းတို့ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ယခုထောက်ပံ့ပေးအပ်သည့်ငွေများသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။
ထို့နောက် ယာယီနေရပ်စွန့်ခွာပြည်သူများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးနှင့် အတွင်းရေးမှူး၊ အဖွဲ့ဝင်တို့က ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)