နတ်မောက် ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များအား ယနေ့နံ နက်ပိုင်းက စတင်ခွဲဝေထုတ်ပေးခဲ့သည်။
ထိုသို့ မဲပေးစက်များထုတ်ပေးခဲ့ရာတွင် နတ်မောက်မြို့နယ်သည် ရွေးကောက်ပွဲအပိုင်း(၂)တွင်ပါဝင်နေပြီး ဇန်နဝါရီ(၁၁)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ မဲပေးစက်များနှင့်ဆက်စပ်ပစ္စည်းများအား ကားကြီး/ကားငယ်များဖြင့် စတင်ပို့ဆောင်ခဲ့ကြသည်။ နတ်မောက်မြို့နယ်တွင် မြို့ပေါ်(၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၉)အုပ်စု၊ မဲရုံပေါင်း(၅၇)ရုံအတွက် မဲပေးစက်၊အရန်မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများအား ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံထုတ်ပေးပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက လိုအပ်ချက်များမရှိစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှဝင်း