ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကန်ကြီးထောင့်မြို့နယ်၊ မိချောင်းတရာကျေးရွာအုပ်စု၊ ဘဲဂရက်ကြီးကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားတက်ရောက်

ကန်ကြီးထောင့် ဒီဇင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မိကျောင်းတရာကျေးရွာအုပ်စု၊ ဘဲဂရက်ကြီးကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာတွင်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်မန်းငြိမ်းမောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဗဟိုအကြံပေးအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့်သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်တို့မှ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် မန်းငြိမ်းမောင်တို့မှ ဘဲဂရက်ကြီးကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ဖွင့်လှစ်ပြီး‌သော ဆိုင်ဘုတ်အား အမွှေးနံ့သာရည်များ ဖျန်းပက်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံအား ရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကျေးရွာအတွင်း မီတာတပ်ဆင်ထားမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အဆိုပါကျေးရွာလျှပ်စစ်မီးအား ဧရာဝတီ တိုင်းဒေသကြီး၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ၂၀၂၅-၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ၁၁ ကေဗွီဓါတ်အားလိုင်း ၀.၀၃၈ မိုင်နှင့် ၁၁/၀.၄ ကေဗွီ၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံးဖြင့်ဆောင်ရွက်ခဲ့ပြီး ကျေးရွာတွင်းဒေသခံပြည်သူများအတွက် များစွာအထောက်အကူဖြစ်စေကြောင်း သိရသည်။

ကျော်ဇင်စိုး