မင်းလှမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

မင်းလှ  ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Center)ခန်းမ၌ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အတွက် မြို့နယ်စာရေးဆရာအသင်းအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီချိန်ကပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်စန္ဒာအောင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဒေါက်တာကျော်ဝင်းက တတ်တိုးရေးသားသည့် စာဖတ်စည်းစိမ်စာအုပ်မှ အကြောင်းအရာတို့ကိုဖတ်ကြား‌ပြောကြားရာ မြို့နယ်စာရေးဆရာအသင်းအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က အပြုသဘောဆောင်သည့် ဆွေးနွေးချက်များဖြင့် အပြန်အလှန်ဆွေးနွေးဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)