ပေါက်ခေါင်း ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် ကျရောက်မည့် (၁၂၁)နှစ်မြောက် မြန်မာ့သမဝါယမစတင်ခြင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက လေးကြီးကျေးရွာ၌ စုပေါင်းလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ ဝန်ထမ်းများ၊ ကျေးရွာရှိ နေခြည်သစ် စိုက်ပျိုးရေးနှင့်အထွေထွေ အခြေခံသမဝါယမအသင်းမှ အသင်းသားတောင်သူများနှင့် ရွာသူရွာသားများပူးပေါင်း၍ သဖန်းချိုကျေးရွာအုပ်စု၊ လေးကြီးကျေးရွာရှိ ရွာလယ်လမ်းမကြီးအား လမ်းခင်းလုပ်အားပေး ဆောင်ရွက်ခဲ့ပြီး ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသူများအား ကောက်ညှင်းပေါင်းအကြော်စုံများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)