နတ်တလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုမဲရုံများသို့ ကွင်းဆင်းဆောင်ရွက်

နတ်တလင်း ဒီဇင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယမန်နေ့က မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုမဲရုံများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းရာသို့ နတ်တလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ရွှေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အဖွဲ့ဝင်များမှ ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်းရှိ မဲရုံများမှ မဲရုံမှူးများ၊ ဒု-မဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးဆောင်ရွက်ပေးမည့် အစီအမံများ ရှင်းလင်းပြောကြားပြီး ရွေးကောက်ပွဲအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး မဲရုံများလုံခြုံရေးနှင့် မဲပေးစက်များကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုတတ်စေရေးလေ့လာရန် လမ်းညွှန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး ( ပြန်ဆက်)