ဟိုင်းကြီးကျွန်း ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကျောင်းသား/ ကျောင်းသူများ ကိုယ်ကာယကြံခိုင်သန်စွမ်း၍ အားကစားထူးချွန်စေရန်အတွက် ဒီဇင်ဘာကျောင်းတွင်းအားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က အ.လ.က(ခွဲ)ဟိုင်းကြီးရွာသစ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.လ.က(ခွဲ) ဟိုင်းကြီးရွာသစ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ကျောင်းအုပ်ဆရာကြီး ဦးနေလင်းအောင်မှ အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသူလေးများ၏ ပန်းပွားအကဖြင့် အခမ်းအနားအား စတင်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်ပြီး မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများက တစ်ဦးတစ်ယောက်ခြင်းနှင့် အသင်းလိုက် အားကစားနည်း(၁၈)မျိုးတွင် ဝင်ရောက်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသားမိဘများက တစ်ခဲနက်အားပေးခဲ့ကြပြီး ထူးချွန်ဆုရရှိသော ကျောင်းသား/ ကျောင်းသူများနှင့် အသင်းများအား ပညာရေးစုံညီပွဲတော်တွင် ဆုများပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
လှိုင်မျိုးအောင်
ဟိုင်းကြီးကျွန်း (ပြန်/ဆက်)