မြောင်းမြ ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်သူလူထုလှုံဆော်ရေး Campaign အနေဖြင့်" ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ဆက်လက်ဖြန့်ဝေခဲ့သည်။
မြောင်းမြ ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများက မြောင်းမြမြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်း ဖြစ်သည့်အတွက် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန် ရည်ရွယ်၍ "ဒို့အတူတူ မဲပေးကြမယ်" လက်ကမ်းစာစောင် (၁၀၅၀) စောင်ကို မြို့မဈေးအနီး၌ လည်းကောင်း၊ အောင်ဆန်းလမ်း၌ လည်းကောင်း၊ အဝေးပြေးကားဝန်း၌လည်းကောင်း၊ မြို့အဝင်ဂိတ်၌လည်းကောင်း လမ်းသွား၊ လမ်းလာ ပြည်သူများအား အခဲ့မဲ့ဖြန့်ဝေပေးခဲ့ပြီး မြောင်းမြခရိုင်အတွင်းရှိ အိမ်မဲမြို့နယ်နှင့် ဝါးခယ်မမြို့နယ်များတွင်လည်း ပြည်သူလူထုလှုံဆော်ရေး Campaign များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)