ငပုတော ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်းတိုးပွာစေ၍ အသိပညာဗဟုသုတများ ဖလှယ်တက်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းကို ယနေ့နံနက် (၉)နာရီအချိန်က အ.လ.က မြို့မ(၁) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် အ.ထ.က(ခွဲ) ရေငံသရက်ကုန်း ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နုနုရီက လူငယ်စကားဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့ရာ Grade-8 မှ မောင်ကောင်းခန့်ကျော်က “လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 မှ မခင်၀တ်မှုံစံက”လူငယ်နှင့်အားကစား”ခေါင်းစဉ်ဖြည့်လည်းကောင်း၊ Grade-8 မှ မခင်ပြည့်ပြည့်အောင်က “လူငယ်နှင့်ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7 မှ မသဇင်သင်းပျံ့လှိုင်က “လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-6 မှ မဖြူစင်လမင်းထွန်းက လူငယ်နှင့်သဘာ၀ပတ်၀န်းကျင်ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကိုယ်လက်ကြံ့ခိုင်မှုလေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ခြင်းနှင့် အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်ထောက်ပံ့ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းမြင့်မှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အဆိုပါလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းအခမ်းအနားသို့ ကျား-၁၂၄ဦး၊ မ-၁၃၉ဦး၊ စုစုပေါင်း ၂၆၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)