ကျောင်းကုန်းမြို့၌ "ဒို့အတူတူ မဲပေးကြမယ်" လက်ကမ်းစာစောင်များဖြန့်ဝေပေး

ကျောင်းကုန်း ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် လူစည်ကားရာနေရာဖြစ်သည့် မြို့မဈေးကြီးအနီး၌ ယနေ့နံနက် ၈ နာရီအချိန်ခန့်က "ဒို့အတူတူ မဲပေးကြမယ်" လက် ကမ်းစာစောင်များကို ပူးပေါင်းအဖွဲ့မှ ပြည်သူလက်ဝယ်သို့ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ ပူးပေါင်းအဖွဲ့တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက "ဒို့အတူ တူ မဲပေးကြမယ်" "ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့"၊ "လှမ်းစို့တူညီ ဒီမိုကရေစီ ဖော်ဆောင်မည်"၊ "ဒီမိုကရေစီပန်းတိုင်ဆီ မဲပေးခြင်းဖြင့် တို့လှမ်းချီ"၊ "လူမှုစီးပွားဖွံ့ဖြိုးဖို့ရွေးကောက်ပွဲဖြင့် စတင်စို့"စသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)