ငပုတောမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ငပုတော  ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံး ပါဝင်နိုင်ရန်အတွက်” ဒို့အတူတူမဲပေးကြမယ် “အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မဝာီဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ မြို့မဈေးအတွင်း/အပြင်ရှိ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူများနှင့် မြို့အဝင်အထွက် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ၊ သင်္ဘောဆိပ်၊ G-12 ကျောင်းသား၊ ကျောင်းသူများနှင့် ခရီးသွားပြည်သူများအား ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)