ရွှေသောင်ယံ ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွေသောင်ယံမြို့တွင် ယမန်နေ့နံနက် (၁၀)နာရီက ဒီဇင်ဘာလ(၂၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပြည်သူများအားလုံးပါဝင်မဲပေးနိုင်ရန် "ဒို့အတူတူမဲပေးကြမယ်" အသိပညာပေး လက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများဖြစ်သည့် စစ်ဆေးရေးဂိတ်များ၊ ကားဂိတ်များနှင့် ပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွှေသောင်ယံမြို့ စစ်ဆေးရေးဂိတ်မှ နယ်မြေစစ်သားများ၊ ရွှေသောင်ယံနယ်မြေရဲတပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုမောင်(ပြန်/ဆက်)