ကြံခင်းမြို့၌ ဒို့အတူတူမဲပေးကြမယ် ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ

ကြံခင်း ဒီဇင်ဘာ ၁၁

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲမေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံးပါဝင် မဲပေးနိုင်ရေး၊ ရွေးကောက်ပွဲ လှုံ့ဆော်မှု (Campaign) ကို ယနေ့နံနက်ပိုင်းက ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ နာရီစင်အနီး၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့မှဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့(ခွဲ) အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များဖြင့်ပူးပေါင်းကာ ဒို့အတူတူမဲပေးကြမယ် ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များအား ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် ဒီမိုကရေစီပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းလမ်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီ နိုင်ငံတော်ကို ရွေးကောက်ပွဲ ဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြစို့၊ ရွေးကောက်ပွဲမှသည်  ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ပါဝင်သော ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်လှိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိူသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ နှင့်ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)အဖွဲ့ဝင်များ ပူးပေါင်းကာ လူစည်ကားသည့် နေရာများ၊ စျေးရောင်းစျေးဝယ်ပြည်သူများ၊ စျေးဆိုင်ခန်းများ၊ အကောက်တောင်မုခ်ဦး အနီး၊ အဝေးပြေး ယာဉ်လိုင်းများဖြင့် လိုက်ပါမည့် ခရီးသွားပြည်သူများအား ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရေး ဖြန့်ဝေပေးလျက် ရှိကြသည်။

ကြံခင်းမြို့နယ်အတွင်း ပြည်သူများအားလုံးရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်နိုင်စေရေးအတွက် ရွေးကောက်ပွဲလှုံ့ဆော်မှု (Campaign) များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးလေင်း