မြောင်းမြ ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းတွင် အသစ်ဆောက်လုပ်ပြီးစီးခဲ့သော ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားအား ဒီဇင်ဘာလ (၉) ရက်နေ့ မွန်းလွဲ (၁:၀၀) နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တက်ရောက်လာသော တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့များအား ဘင်ခရာအဖွဲ့၊ ပန်းပွားအဖွဲ့၊ ဒုံးယိမ်းအကအဖွဲ့နှင့် ကျောင်းသား/သူများက ကြိုဆိုနုတ်ဆက်ခဲ့ကြသည်။ ထို့နောက် ကျောင်းဆောင်သစ်အား အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် ကြိုဆိုဧည့်ခံခဲ့ကြသည့် အဖွဲ့များအား ဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ ကျောင်းဆောင်သစ်အားပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲဝင်များက ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ကျောင်းဆောင်သစ်အား မြေလတ်သစ္စာကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး (၉၀ x ၃၀) ပေ Rc (၁) ထပ်ဆောင်အမျိုးအစားဖြစ်ကာ ၁.၈.၂၀၂၅ ခုနှစ် မှ စတင်ဆောက်လုပ်ခဲ့ပြီး ၁.၁၂.၂၀၂၅ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။
အောင်ဖြိုး(ပြန်/ဆက်)