မြောင်းမြ ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြပညာရေး ဒီဂရီကောလိပ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁း၀၀) နာရီအချိန်က တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားကို “ပွင့်ဖူးဝေဆာကျောင်းတော်သာ” တေးသီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်နှင့် ဆရာများခံယူအပ်သော သစ္စာအဓိဋ္ဌာန် (၆) ချက်တို့အား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ရွတ်ဆိုခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကားပြောကြားခဲ့ပြီး မြောင်းမြပညာရေး ဒီဂရီကောလိပ်အတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ မောင်မယ်သစ်လွင်များက မြို့နယ်အလိုက်မိတ်ဆက်ပြီး ဝန်းကြီးချုပ်ကြီးနှင့်အတူ ထမင်းလက်စုံစားခဲ့ကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် မြောင်းမြပညာရေးဒီဂရီကောလိပ်၌ တက်ရောက်မည့် ပထမနှစ် ကျောင်းသား၊ ကျောင်းသူ မောင်မယ်သစ်လွင် စုစုပေါင်း (၂၀၄) ဦးရှိကြောင်းသိရသည်။
ဇေယျာ (မြောင်းမြ)