မင်းလှ နိုဝင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲ မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အီလက်ထရောနစ်မဲပေးစက်နည်းပညာ အထောက်အကူသင်တန်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မဲရုံအသီးသီးမှ မဲပေးစက်ကိုင်တွယ် အသုံးပြုရာတွင် ကျွမ်းကျင်ပိုင်နိုင်စေရေးအတွက် အလေးအနက်ထားကာ သင်ယူစေလိုကြောင်း၊ မဲစာရင်းမှန်ကန်စေရေး အလေးထားဆောင်ရွက်ရန်၊ ဌာနဆိုင်ရာဝန်ထမ်းများ အားလုံးပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့ကျော်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသုံးပြုမည်ဖြစ်ကြောင်း၊ မဲပေးစက်များနှင့်စပ်လျဉ်း၍ စက်များစစ်ဆေးခြင်း၊ စက်အစိတ်အပိုင်းများချို့ယွင်းမှု တစ်စုံတစ်ရာရှိပါက ပြင်ဆင်ခြင်း၊ မဲပေးစက်တွင် သက်ဆိုင်ရာလွှတ်တော်မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ်လောင်းအမည်ပါစာရွက်များကပ်နှိပ်ခြင်း၊ SD ကတ်များထည့်သွင်းခြင်း စသည့်လုပ်ငန်းများတွင် အထောက်အကူပြုနိုင်ရေးအတွက် ယခုသင်တန်းကို စီစဉ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်းပြောကြားပြီး အီလက်ထရောနစ် မဲပေးစက်နည်းပညာ အထောက်အကူသင်တန်းကို မဲရုံတွင်တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်း ၃၀ ဦးအား သင်ကြားပို့ချလျက်ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)