ကံမမြို့နယ်၌ ရေနံနှင့်ရေနံထွက်ပစ္စည်းများဆိုင်ရာလုပ်ငန်းများ ကြီးကြပ်စစ်ဆေး

ကံမ နိုဝင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်း ရေနံနှင့်ရေနံထွက်ပစ္စည်းများဆိုင်ရာလုပ်ငန်းများ ကြီးကြပ်ရေးဆပ်ကော်မတီမှ စစ်ဆေးခြင်းအား မြို့နယ်အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးကော်မတီဥက္က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်ဝင်းဇော်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးရဲညွန့်တို့မှ ယနေ့နံနက် (၁၀) နာရီက စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီဆိုင်များအနေဖြင့် တည်ဆဲဥပဒေ၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ စက်သုံးဆီများ တရားမဝင် သယ်ဆောင်တင်ပို့မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ခြင်း၊ စက်သုံးဆီဆိုင်များ မီးဘေးအန္တရာယ်ကင်းရှင်းရေး စနစ်တကျ ဆောင်ရွက်ထားမှု ရှိ၊ မရှိနှင့် စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်အရည်အသွေးနှင့် အခြင်အတွယ် မှန်ကန်ပြည့်ဝမှုရှိစေရေးတို့အား အထူးအလေးထား စစ်ဆေးအကြံပြုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)