မင်းတုန်း နိုဝင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့ မွန်းလဲ ၁ နာရီခွဲက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းရာ အထက်တန်းကျောင်းသား/ကျောင်းသူ (၂၀၀)ဦး တက်ရောက်ခဲ့ကြသည်။
ဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းက အဖွင့်အမှစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်ပြည့်စုံက မူးယစ်ဆေးဝါးအမျိုးအစားများနှင့် မူးယစ်ဆေးဝါး လက်ဝယ်ကိုင်ဆောင်ထားရှိခြင်း၊ ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း ပြုလုပ်ပါက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှု၊ ပြစ်ဒဏ်များ အသိပညာပေးဟောခဲ့ပြီး မြို့မစခန်းမှူးက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် စီးပွားရေး၊ လူမှုရေး ထိခိုက်လာမည့် ဆိုးကျိုးများ အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
ချင်းကလေး(NRDC)