ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကျုံပျော်မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)နှင့် UID ကောက်ယူ ရေးကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းအား ကြည့်ရှုအားပေး

ကျုံပျော်   နိုဝင်ဘာ  ၂

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပျက်စီး/ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေး ကတ်မရရှိသေးသူများအား ကျုံပျော်မြို့ ဧရာမင်းခန်းမအတွင်း၌  မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၃) နှင့် UID ကောက်ယူရေး ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးနေမှုကို ယမန်နေ့နေ့လယ်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများမှ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်း နှင့်အညီစိစစ်၍ One Stop Service ဖြင့် လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုနှင့် နိုင်ငံသား စိစစ်ရေးကတ်ရရှိပြီး သူများအား e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူ၍ Unique ID နံပါတ် တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးက ဒေသခံပြည်သူများထံသို့ ဆောင်ရွက်ပြီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား တစ်ပါးတည်းပေးအပ်ပြီး၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးအတွက် လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ လုပ်ငန်းဆိုင်ရာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

 မြို့နယ်(ပြန်/ဆက်)