ငရုတ်ကောင်း နိုဝင်ဘာ ၂၅
ငရုတ်ကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်းတိုးပွားစေ၍ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန် မြှင့်တင်ရေးလူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲ ၂ နာရီက ငရုတ်ကောင်းမြို့ (အ.ထ.က) ကျောင်း ရွေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် (အ.ထ.က) ငရုတ်ကောင်း ကျောင်းအုပ်ဆရာကြီး ဦးဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ကျော်မာလာလွင်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ Grade-10 ကျောင်းသား မောင်ထက်အောင်လင်းမှ လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား မောင်လရိပ်ဦးမှ လူငယ်နှင့်ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား မောင်ထက်မြတ်အောင်မှ လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မမိုးသူဇာမှ လူငယ်နှင့်ဆေးလိပ်အန္တရာယ်ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မဝတ်ရည်မှ လူငယ်နှင့်ငွေကြေးခေါင်းစဉ်ဖြင့်လည်းကောင်း ပါဝင်ဆွေးနွေးကြပြီး ဆွေးနွေးမှုများအပေါ် ခေါင်းစဉ်အလိုက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူးမှ ပြန်လည်သုံးသတ်ဆွေးနွေးပေးခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများမှ ခေါင်းစဥ်အလိုက် သိလိုသည့်မေးခွန်းများကို ပြန်လည်မေးမြန်းသည့်အခါ ဆွေးနွေးပေးခဲ့သော ကျောင်းသား၊ ကျောင်းသူများမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
ထို့နောက် ကျောင်းအုပ်ဆရာကြီးက လူငယ်စကားဝိုင်း ကျင်းပပေးခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားအား ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်၊ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများက တက်ခဲ့ကြကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)