ကျိုက်လတ်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM-INSTALLATION) တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်း ဖွင့်လှစ်

ကျိုက်လတ် နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM-INSTALLATION) တပ်ဆင်ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ သင်တန်း ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သူရနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်မိုးကြည်တို့က မြန်မာအီလက်ထရောနစ်မဲပေးစက် installation ပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြများက နည်းပညာများတပ်ဆင်အသုံးပြုခြင်းနှင့်ဆောင်ရန်ရှောင်ရန် အချက်အလက်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM-INSTALLATION) တပ်ဆင်ကိုင်တွယ်အသုံးပြု၍ လက်တွေ့သင်ကြားမှုများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါသင်တန်းသို့ ဖျာပုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သင်တန်းတက်ရောက်ကြသည့် ဌာနဆိုင်ရာများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM-INSTALLATION) တပ်ဆင်ကိုင်တွယ်အသုံးပြုရန် လက်တွေ့သင်ကြားမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်