ဒေးဒရဲမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ တရားမဝင်လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြော

ဒေးဒရဲ နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာများရှိ ကျောင်းသား၊ကျောင်းသူများ ပြင်ပဗဟုသုတများတိုးပွားစေရေး၊ တရားမဝင်လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်များကို ကြိုတင်သတိထားရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် (၁၁) နာရီက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က အဖွင်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးပိုထွန်းက တရားမဝင်လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများအား အသိပညာပေးဟောပြောခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က မူးယစ်ဆေးဝါးအန္တရာယ်များနှင့် ကြိုတင်သတိထားရှောင်ရှားရမည့်အချက်များ ဟောပြောခြင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးရဲမြင့်ခိုင်က တရားမဝင်လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းကြောင့် ချမှတ်ခံရမည့် ပြစ်ဒဏ်များကို ဆွေးနွေးဟောပြောခြင်းနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် ဒေါ်သက်သက်စိုးက မြို့နယ်အတွင်း တရားမဝင်လူကုန်ကူးမှုပပျောက်ရေးလုပ်ငန်းများအား သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အေဇာလင်း