ဇလွန် နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြို့နယ်အတွင်း တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချပေးခဲ့သည်။
သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ခိုင်စိုးက မဲရုံမှူး၊ ဒုမဲရုံမှူးတို့၏ တာဝန်ဝတ္တရားများ၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ တရားမဲ့ ပြုကျင့်မှုများ၊ ဆောင်ရန်ရှောင်ရန်များကို သိရှိလိုက်နာဆောင်ရွက်ရန် အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ယင်းနောက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး နည်းပြ ဆရာများက MEVM စက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်လုပ်ငန်းစဉ်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင် အသုံးပြုပုံ Video Clip ကို Power Point ဖြင့် ရှင်းလင်းပြသခဲ့ပြီး သင်တန်းသို့ သင်တန်းသား၊ သင်တန်သူ(၁၅၈) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝေယံ - ဇလွန် (ပြန်/ဆက်)