ငပုတော နိုဝင်ဘာလ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ ဗလငါးတန်းတိုးပွာစေ၍ အသိပညာဗဟုသုတများ ဖလှယ်တက်စေရန် ရည်ရွယ်၍ စာဖတ်ရှိန် မြှင့်တင်ရေးလူငယ်စကားဝိုင်းကို ယနေ့နံနက် (၉)နာရီအချိန်က အ.ထ.က (ခွဲ) စမ်းချောင်းစဉ့်အိုးဖိုကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် အ.ထ.က(ခွဲ) ရေငံသရက်ကုန်းကျောင်းအုပ်ဆရာကြီး ဦးအောင်သူဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နုနုရီက လူငယ်စကားဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးအောင်သူ၀င်းက “လူငယ်နှင့်ပညာရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နုနုရီက “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade11မှ စမျိုးအောင်ဇင်က “လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း Grade10 မှာ မောင်ဇင်မင်းဦးက “လူငယ်နှင့်ယဉ်ကျေးမှု” ခေါင်းစဉ်ဖြည့်လည်းကောင်း၊ Grade-10မှ မောင်သုတအောင်က “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade11မှ စဂျူလီစိုးက “လူငယ်နှင့်မူးယာဇ်ဆေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကျောင်းအုပ်ဆရာကြီးက လူငယ်စကားဝိုင်း ကျင်းပပေးခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားအား ပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ ကျောင်းသား၊ကျောင်းသူများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)