ကယားပြည်နယ်အတွင်းရှိ တက္ကသိုလ်များနှင့် ဒီဂရီကောလိပ်ကျောင်းများ ဖွင့်လှစ်

လွိုင်ကော်   နိုဝင်ဘာ  ၂၄

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကယားပြည်နယ်အတွင်းရှိ တက္ကသိုလ်ကျောင်းများနှင့် လွိုင်ကော် ပညာရေးဒီဂရီကောလိပ်ကျောင်းများ ယနေ့တွင် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့နံနက်က ကယားပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဦးစိန်ဦးသည် တက္ကသိုလ်များနှင့် လွိုင်ကော် ပညာရေးဒီဂရီကောလိပ်ကျောင်းတို့သို့သွားရောက်ကာ ကျောင်းစာသင်ခန်းများအတွင်း ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှုကို သွားရောက်ကြည့်ရှုပြီး ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအားပေးစကားပြောကြားသည်။

လွိုင်ကော်တက္ကသိုလ် နေ့သင်တန်းများတွင် ဘာသာရပ် ၁၄ ခု၊ တန်းစဉ် ၁၃ ခု၌ ကျောင်းသားကျောင်းသူ ၁၇၂ ဦး၊ နည်းပညာတက္ကသိုလ်တွင် ဘာသာရပ် ၄ ခု၌ ကျောင်းသား ကျောင်းသူ ၄၄ ဦး၊ ကွန်ပျူတာတက္ကသိုလ်တွင် ကွန်ပျူတာသိပ္ပံကျောင်းသားကျောင်းသူ ၆၀ ဦးနှင့် လွိုင်ကော် ပညာရေးဒီဂရီကောလိပ်တွင် ကျောင်းသားကျောင်းသူ ၂၇၄ ဦးတို့ စတင် တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ မေစု(ပြန်/ဆက်)