မင်းတုန်း နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း မြေပြင်ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီတွင် မင်းရွာကိုင်းကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ဆောက်ရွက်ပေးရာတွင် လိုအပ်ချက်အရ လျောက်ထားလာသော နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူများကို ဆောင်ရွက်ပေးခြင်း၊ ပျောက်ဆုံး၊ လဲလှယ်များကို မိတ္တူထုတ်ပေးနိုင်ရေးနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ အိမ်ထောင်ခွဲမည့်သူများကို ဆောင်ရွက်ပေးခြင်း၊ ဟောင်းနွမ်း စုတ်ပြဲများကို အသစ်လဲလှယ် ပေးနိုင်ရေးတို့ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ချင်းကလေး(NRDC)