မင်းတုန်း နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကို နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးရုံးများနှင့် ဓမ္မာရုံများတွင် ကပ်ထားကြေညာခဲ့သည်။
ထိုသို့ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာရာတွင် မဲဆန္ဒရှင်ပြည်သူများမှ စိတ်ဝင်စားစွာ လာရောက်ကြည့်ရှုကြပြီး မင်းတုန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းကလေး(NRDC)