မကွေးမြို့၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

မကွေး နိုဝင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများအား နိုဝင်ဘာ ၂၁ ရက်နေ့မှ စတင်၍ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြော်ငြာဘုတ်များဖြင့် ဒုတိယအကြိမ် ကပ်ထားကြေညာရာ ပြည်သူများ စိတ်ဝင်တစား လာရောက်ကြည့်ရှုကြသည်။

အဆိုပါမဲဆန္ဒရှင်စာရင်းများအား နိုဝင်ဘာ (၂၁) ရက်မှ ဒီဇင်ဘာ (၄) ရက်အထိ ရက်သတ္တ(၂)ပတ်ကြာ ကပ်ထားကြေညာထားရှိမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါရှိပါက ပုံစံ(၃)ဖြင့် တောင်းဆိုရမည်ဖြစ်ကြောင်း မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ရမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းတွင် မိမိနာမည်၊ မှတ်ပုံတင်၊ အဘအမည်စသဖြင့် မှားယွင်းနေပါကပုံစံ ၄(က)ဖြင့် ပြင်ဆင်ရမည်ဖြစ်ကြောင်း အထက်ပါပုံစံများအား ရပ်ကွက်ကျေးရွာ ကော်မရှင်ခွဲများထံတွင် အခမဲ့ထုတ်ယူနိုင်ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ခရိုင်(ပြန်ဆက်)