မင်းဘူး(စကု)မြို့နယ်အတွင်း၌ ဒုတိယအကြိမ် မဲစာရင်းများကပ်ထားကြေညာ

မင်းဘူး နိုဝင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်နှင့် တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့နံနက် ၁၀ နာရီက လိုက်လံစစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မင်းဘူး(စကု)မြို့နယ်အတွင်းမှ ထောက်ရှာပင်ကျေးရွာ၊ ကျောက်တန်းကျေးရွာနှင့် အမှတ် ၁၊ ၂၊ ၃၊ ၄ ရပ်ကွက်များတွင် ဒုတိယအကြိမ် ကပ်ထားကြေညာသည့် မဲစာရင်းများမှန်ကန်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များပူးပေါင်း၍ မဲဆန္ဒရှင်စာရင်းများကို စိစစ်ကြကြောင်းနှင့် ပြင်ဆင်ထားသည့် မဲဆန္ဒရှင်စာရင်းများကို မင်းဘူး(စကု)မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများက နိုဝင်ဘာ ၁၅ ရက်မှ ၂၈ ရက်အထိ ဒုတိယအကြိမ် ကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)