ကနီမြို့နှင့် ဆားလင်းကြီးမြို့တို့၌ ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာသင်တန်း ဖွင့်လှစ်ပို့ချ

မုံရွာ နိုဝင်ဘာ ၂၁

၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို နိုဝင်ဘာလ ၂၁ ရက်နေ့မှစတင်ပြီး မုံရွာမြို့နယ်အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ကနီ/ ဆားလင်းကြီးမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ကနီ/ ဆားလင်းကြီးမြို့နယ်အတွင်းရှိ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်း သား၊သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ကနီ/ ဆားလင်းကြီးမြို့နယ်တို့မှ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးများက သင်တန်းဖွင့်လှစ်ပို့ချပေးရခြင်းနှင့်ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ကနီမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများက မဲရုံအဖွဲ့ဝင်ခန့်အပ်လွှာနှင့် လုပ်ငန်းလမ်းညွှန်စာအုပ်များကို တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့သည်။


ယင်းနောက် သင်တန်းကို ဆက်လက်ပို့ချသင်ကြားပေးလျက်ရှိရာ တာဝန်ရှိသူများက ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲ ဥပဒေ၊နည်းဥပဒေ MMP စနစ်၊ ရပ်/ကျေးလုပ်ငန်းနှင့် မဲစာရင်းပြုစုခြင်း၊ ကြိုတင်ဆန္ဒမဲ‌ပေးခြင်း၊ မဲရုံသရုပ်ပြခြင်း၊ ရွေးကောက်ပွဲများကို နှောက်ယှက်ဟန့်တားဖျက်စီးခြင်းမှ ကာကွယ်ရေးဥပဒေ၊ MEVM မဲပေးစက်အကြောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ မဲရုံမှူး၊ဒုတိယ မဲရုံမှူးများ၏ လုပ်ငန်းတာဝန်များအကြောင်းတို့ကို အသီးသီးရှင်း လင်းသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာသင်တန်းသို့ ကနီမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာ များမှ သင်တန်းသား၊သင်တန်းသူ ၁၂ ဦးနှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများမှ အရန်(၇)ဦးအပါအဝင် သင်တန်းသား၊သင်တန်းသူ ၃၅ ဦးတက်ရောက်လျက်ရှိပြီး နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)