လပွတ္တာမြို့နယ်တွင် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြှိမ်းသတ်နည်းသရုပ်ပြလေ့ကျင့်

လပွတ္တာ နိုဝင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ လပွတ္တာမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံရင်မော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် မီးဘေးအန္တရာယကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန်မီးငြိမ်းသတ်နည်းသရုပ်ပြလေ့ကျင့်ခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးစစ်ဆေး ဆောင်ရွက်ခြင်းများကို အမှတ်(၆)ရပ်ကွက် ထွန်းတံတားတွင် ယနေ့နံနက် ၈ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိမ်းကိုကိုက မီးသတ်ဆေးဘူး အသုံးပြုပုံကို ရှင်းလင်းပြောကြားခဲ့ပြီး မီးသတ်ဆေးဘူးကိုအသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ ဆီမီးလောင်မှုကို ငြှိမ်းသတ်နည်း၊ ဂတ်အိုးအသုံးပြုသူများအ‌နေဖြင့် ဂတ်ပိုက်လိုင်းများပြုတ်၍ မီးလောင်မှုမီးလန့်မှုများဖြစ်‌ပေါ်ပါက အရေးပေါ်မီးငြိမ်းသတ်နည်းကို ပြည်သူများအား လက်တွေ့ မီးငြှိမ်းသတ်သရုပ်ပြသခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)