ဇလွန်မြို့နယ်တွင် မျိုးစေ့ချကိရိယာ (Mechanical Seeder) ဖြင့် ပဲပုပ်မျိုးစေ့ချစိုက်ပျိုးခြင်း သရုပ်ပြ

ဇလွန် နိုဝင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၄၉) စက်မှုလယ်ယာစခန်းမှ မျိုးစေ့ချကိရိယာ (Mechanical Seeder) ဖြင့် ပဲပုပ်မျိုးစေ့ချစိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မေရီလန်းကျေးရွာအုပ်စု တောင်သူဦးသက်နိုင်ဦး၏ လယ်မြေတွင် ပြုလုပ်ခဲ့သည်။

မျိုးစေ့ချကိရိယာ(Mechanical Seeder) ဖြင့် ပဲပုပ်မျိုးစေ့ချစိုက်ပျိုးခြင်း သရုပ်ပြပွဲတွင် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်ပိုင်ထူးက လုပ်သားရှားပါးမှုပြဿနာဖြေရှင်းပေးနိုင်ခြင်း၊ အချိန်ကုန်သက်သာခြင်း၊ မျိုးစေ့နှုန်းထားကုန်ကျမှုလျော့ကျခြင်း၊ တန်းကြားညီသဖြင့် လေဝင်လေထွက်ကောင်းမွန်ခြင်း၊ အထွက်နှုန်းကောင်းမွန်ခြင်း စသည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး မျိုးစေ့ချကိရိယာ (Mechanical Seeder) ဖြင့် ပဲပုပ်မျိုးစေ့ချစိုက်ပျိုးခြင်း သရုပ်ပြခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဝေယံဇလွန်(ပြန်/ဆက်)