စစ်ကိုင်းမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

စစ်ကိုင်း နိုဝင်ဘာ ၂၀

စစ်ကိုင်းခရိုင် သစ်တောဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့ အ.ထ.က ရွှေမင်းဝံကျောင်း ပညာ့ရောင်ခြည်ခန်းမ၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် စစ်ကိုင်းခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်လင်းမှ သစ်တောပြုစုထိန်းသိမ်းခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိမိကျော်မှ စုပေါင်းကာကွယ် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့သည်။

ထို့နောက် မီးခိုးမြူငွေ့လျော့ချရေးနှင့် လေထုညစ်ညမ်းမှုဆိုင်ရာ PM 2.5 အကြောင်း အသိပညာပေး Video Clip အားပြသခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မေးခွန်းများ မေးမြန်းခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)